အသိပညာရှေ့ဆောင် အနာဂတ်အလင်းရောင် လူငယ်အဖွဲ့အစည်း မှ လုပ်ဆောင်ခဲ့သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ
images/5X5akkEZm6IZqVm1IM4d2FiFyZsqOpAToeMuD8TE.jpg

   ၁   ။  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ

၁.၁  ။  အသိပညာပေးခြင်း (စကားဝိုင်းများ ၊ ဟောပြောပွဲများ ၊ ဗီနိုင်းစိုက်ထူခြင်း )

၁.၂  ။  လူထုလှုပ်ရှားမှုများဆောင်ရွက်ခြင်း ( သစ်ပင်စိုက်ပျိုးခြင်း ၊ အမှိုက်ကင်းစင်ရေးလုပ်ဆောင်ချက်များ)

၁.၃  ။  အစုအဖွဲ့ပိုင် သစ်တောများ ထူထောင်ပေးခြင်း နှင့် သုတေသန ခြံများ ထူထောင် ပေးခြင်း

         အထက်ပါလုပ်ငန်းစဉ်များ ဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျှက်ရှိပါသည် ။

"ဒေသအရင်းအမြစ်များကို အခြေခံပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆီသို့"  ဟူသော ကျွနိုပ်တို့အသင်း၏ မျှော်မှန်းချက်နှင့် အညီ ဒေသအတွင်းနေထိုင်သော ပြည်သူလူထုသည် ၎င်းတို့တွင်ရှိသော သဘာဝအရင်းမြစ်များကို ၎င်းတို့ကိုယ်တိုင် သိရှိနားလည်ပြီး ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်သော လူထုတစ်ရပ်ဖြစ်လာစေရန်  အတွက် သဘာဝပတ်ဝန်းကျင် ကောင်မွန် ၍ သစ်ပင်သစ်တောများပေါများကာ ရာသီဉတုများ သာယာပြီး စိုက်ပျိုးမွေးမြူရေး နှင့် လူမှုစီးပွားဘဝမြင့်မားရေး၊ အလုပ်အကိုင်အခွင့်အလမ်း များဖော်ဆောင်ရေး တို့အတွက် ပြည်သူလူထုများ ၊ အရပ်ဖက်အဖွဲ့အစည်းများ ၊ သစ်တောဌာန နှင့် လုပ်ငန်းစဉ်များ ကို ညှိနှိုင်းဆောင်ရွက် မှုများ ဆောင်ရွက်ခဲ့ပါသည်။

Read More