...

ကျွန်ုပ်တို့၏ပန်းတိုင်များ


ကျွန်ုပ်တို့၏ မျှော်မှန်းချက်
မျှော်မှန်းချက်(VISSION)

ဒေသအရင်းမြစ်များကို အခြေခံပြီး ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဒေသတွင်းနေထိုင်သော ပြည်သူလူထုသည် ၄င်းတို့တွင်ရှိသော သဘာ၀အရင်းအမြစ်များကို ၄င်းတို့ကိုယ်တိုင် သိရှိနားလည်ပြီး ကဏ္ဍ ပေါင်းစုံ ဖွံ့ဖြိုးတိုးတတ်သော လူထုတစ်ရပ်ဖြစ်လာစေမည်။

ရည်မှန်းချက်(MISSION)

အသိပညာ အတတ်ပညာနှင့် ကိုယ်ကျင့်သိက္ခာမြှင့်မားရေးလုပ်ငန်းစဥ်များ အရှိန်ဟုန်မြှင့်တင်ဆောင်ရွက် ခြင်းဖြင့် ဒေသတွင်း နေထိုင်သောသူများကို ၄င်းတို့ဒေသရှိ သဘာဝ အရင်းအမြစ်များအား မည်သို့ အသုံးချမည်ကို ဆန်းစစ်ပြုလုပ်နိုင်ကြပြီး ကဏ္ဍ အလိုက် တိုးတတ်မှုများ ဖြစ်ပေါ်လာစေမည်။

စံတန်ဖိုးထားမှုများ(Core Values)

အသိပညာ ၊စွမ်းဆောင်ရည်၊ ကိုယ်ကျင့်သီလ နှင့် လူသားချင်းစာနာထောက်ထားမှု

လုပ်ငန်းစဥ်များ (Main Programs)
  1. သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေး
  2. အားလုံးပူးပေါင်းပါဝင်ခွင့်ရသည့် ကောင်းမွန်သော စီမံအုပ်ချုပ်မှုစနစ်ပေါ်ထွန်းရေး
  3. ဒေသအရင်းအမြစ်ကို အခြေခံသော လူမှု့စီးပွားဘ၀ ဖွံ့ဖြိုးတိုးတတ်လာစေရေး
  4. လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတတ်ရေး

သတင်းအချက်လက်အသစ်များ


...
အသိပညာရှေ့ဆောင် အနာဂတ်အလင်းရောင် လူငယ်အဖွဲ့အစည်း မှ လုပ်ဆောင်ခဲ့သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ
Read More

ဒါရိုက်တာ၏စကားကောက်နုတ်ချက်


woman avatar

နှလုံးသားနှင့်စွမ်းဆောင်ရည်ပြည့်စုံသော အသိသတိ ရှိတဲ့ ခေါင်းဆောင်မှုကောင်းမွန်သူဖြစ်အောင်ကြိုးစားကြပါ။

U Ye Htut Director(Flydo)

ကျွန်ုပ်တို့အဖွဲ့ အကြောင်း


အနာဂတ်အလင်းရောင်လူငယ်ဖွံ့ဖြိုးရေးအသင်း(FLYDO) ကို ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ အသင်းစတင် တည်ထောင်စဥ်က ဒေသတွင်း လုပ်ငန်းရှင်များ၏ ပံ့ပိုးထောက်ကူမှုဖြင့် ဒေသတွင်းလူငယ်ဖွံ့ဖြိုးရေး အသိပညာ စွမ်းဆောင်ရည်မြှင့် သင်တန်းများ၊ စာပေဟောပြောပွဲများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် လူငယ်ရေးရာ မူဝါဒပေါ်ထွန်းရေး အတွက် မကွေးတိုင်း ဒေသကြီးနှင့် ခရိုင်/မြို့နယ်လူငယ် ဖိုရမ် များ ကျင်းပရေး၊ ဒေသအလိုက် လူငယ်ကွန်ရက်ဖွဲ့စည်းခြင်းများကို တိုင်းနှင့်ပြည်နယ် အသီးသီးရှိ လူငယ်အဖွဲ့အစည်းများ၊ဒေသခံလူငယ်အဖွဲ့အစည်းများ စုပေါင်းကာ လုပ်ဆောင်ခဲ့ပါသည်။ ယခုအချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်လွယ် ဒေသခံများအား စားဝတ်နေရေးနှင့် စားနပ်ရိက္ခာဖူလုံရေးစီမံချက်များကို ဆောင်ရွက်လျက်ရှိပါသည်။